xxx ခွန်နှစ်ထွေ...သီတာရယ်မှ ပတ်ကာဆင်း...သာတောင့်သာတယ်လေး.... နတ်ပြည်...တနင်း....နင်း...xxx
(xxx ဘုန်းတန်း...ဘုန်းတန်းတေဇာ..ဖြာဖြာရောင်လင်းပါလို့...မင်း...မင်း...မြတ်ထွဋ်ခေါင်ဗွေxxx) ၂
ရွာစားကျော် ရီနိုမာန်ရဲ့ လက်အဖျားမှာ စက်တပ်ထားသလို တီးကွက်နဲ့အတူ ဆွဲဆွဲငင်ငင် ဆိုလိုက်သော နတ်ချင်း သံရဲ့ အဆုံးမှာ ကြက်သွေးရောင် ပြည်ဖုံးကား ကန့်လန့်ကာကြီးမှာ ဘေးတဖက်တချက်သို့ ခွဲထွက် သွားကြ၏။ ဇာတ်စင်၏ ဘေးတဖက်တချက်စီမှ ဆလိုက်မီးရောင်များရဲ့ အောက်တွင် ပုဆိုးကွက်တုံး ကော်လံ လည်ကတုံး ၀တ်ပြီး ခေါင်းပေါင်းကိုယ်စီနဲ့ လူရွှင်တော် သုံးယောက် စပ်ဖြီးဖြီးမျက်နာများဖြင့် ပေါ်လာကြသည်။
သုံးယောက်သား ညီညီညာညာ ပရိတ်သတ်ဘက်ကို မျက်နာမူပြီး သကာလ လက်အုပ်ချီ၍ ဂါရ၀ ပြုလိုက်ကြသည်။
“ကိုဖိုးစိန်လားခင်ဗျ”
“မှန်ပါတယ် ကိုမြစ်ကျိုးအင်းရေ”
“ဟိုဘက်က ကို အိမ် မဟုတ်လားဗျ”
“ရှိကြောင်းပါဗျာ”
“မာကြရဲ့လားဗျာ”
“မာကြောင်းပါခင်မျာ”
“တော်တော်များမာကြရဲ့လား”
“ဟေ့လူဘာပြောတာတုန်းဗျ”
“အော်ကျန်းမာရေး တကယ်ကိုကောင်းကြရဲ့လားမေးတာပါဗျာ အတွေးမချော်စမ်းပါနဲ့”
“ဆိုင်းဆရာ ကိုရီနိုရဲ့ ဆိုင်းလက်သံလေးနားထောင်မကောင်းဘူးလားဗျာ”
“နားထောင်ကောင်းပါပေတယ် ကိုဖိုးစိန်ရေ”
“လက်သံကောင်းတာလဲ မပြောနဲ့လေ ဆိုင်းဆရာကြီး စိန်ဗေဒါ မျိုးဆက်ကိုးဗျ”
“ဘယ်လိုများတော်စပ်တာလဲဗျ”
“အမေမတူ ဖအေကွဲကနေမွေးတာလေဗျာ”
“အကောင်းအောက်မေ့လို့ နားထောင်ပါတယ် ပေါက်ကရတွေပြောနေတာကိုးဗျ”
“ဆိုင်းဆရာ ကိုရီနိုကို မိတ်ဆက်ပေးပြီးပြန်တော့ ကျုပ်တို့ လူရွှင်တော်တွေလည်း
ကိုယ့်ကိုကိုယ်မိတ်ဆက်မှ သင့်မယ်လေဗျာ”
“မှန်တာပေါ့ ကို အိမ်ရယ်”
“ကဲဒါဆို ကို မြစ်ကျိုးအင်းပဲ စပြီး မိတ်ဆက်ဗျာ”
“ဒီနာမည်ကို ကျွန်တော့်အမေက ကဗျာဆန်ဆန်ပေးထားတာဗျ ပြောရရင်အမေက ကဗျာရေးတာ ၀ါသနာ ပါတယ် ကျွန်တော့်ကို မွေးမယ့်နေ့မှာ အမေကချဉ်ခြင်းတခုတပ်တယ်တဲ့ အဲဒါက မျှစ်ကို အစိမ်းလိုက် စားချင်တာတဲ့လေ အဲဒီနေ့က အဖေကလည်း အိမ်မှာမရှိတော့ အမေလည်း စိတ်မရှည်တာနဲ့ ကိုယ်တိုင်ပဲ မျှစ်သွားခူးတယ်တဲ့ အမေက မျှစ်ချိုးရင်း ကျွန်တော့်ကို မွေးတာဗျ အဲဒီအချိန်မှာ အဖေက ဖဲဝိုင်း ရောက်နေတာတဲ့ အကျိုးပေးမယ့် ကလေးမို့လို့လား မသိဘူး တက်သမျှဖဲတွေက တစ်ကိုးကင်း တက်ပြီး အဖေ့ခမျာ အဖြစ်ဆိုးခြင်းတွေပဲ ၀င်နေလို့ အိမ်ကိုတောင် ပြန်မလာနိင်တာတဲ့လေ ..။
အဲဒါနဲ့အမေလည်း ကျွန်တော့်မွေးစဉ်က အဖြစ်လေးတွေပြန်တွေးပြီး ကဗျာဆရာမပီပီ ကာရံလေးနဲ့ မြစ်ကျိုးအင်းလို့ နာမည်ပေးခဲ့တာဗျ...”
“မှတ်သားလောက်ပါပေတယ်ဗျာ”
“ကဲကိုဖိုးစိန်လည်း ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးအုံးဗျာ”
“အမှန်တော့ ခင်များတို့ခေါ်တဲ့ ဖိုးစိန်ဆိုတဲ့ နာမည်က စာလုံးပေါင်း မှားနေတယ် အမှန်က ဖိုးစိမ် ဗျ...။
ဒီနာမည်ကို ကျုပ်အဖွားက ပေးခဲ့တာပေါ့....။အဖွားက အဖိုးကို အရမ်းချစ်တာဗျ။ ကျုပ်ကို မွေးပြီးနာမည်ပေးမယ်လုပ်တော့ အဖွားက အဖိုးအမြဲတမ်း စိမ် စိမ်ထားတဲ့..
အိမ်။....။“ဟေ့..ဟေ့လူ ဇာတ်စင်ပေါ်မှာ မဟုတ်တာတွေ မပြောနဲ့နော်“
“အာ...စကားတော့ ဆုံးအောင် နားမထောင်ဘူး အဖိုးအရက်နဲ့ စိမ် စိမ်သောက်တဲ့ ဆေးမြစ်ကလေးကို

မြင်ပြီး ဖိုးစိမ်လို့ နာမည်ပေးတာကို ပြောမလို့ဗျ”
မြစ်ကျိုးအင်း။...။“တော်သေးတာပေါ့ ဆေးမြစ်ကလေး ၀င်ကယ်သွားလို့”
ဖိုးစိန်။...။“ကဲ ကိုအိမ်ကလည်း လုပ်စမ်းပါအုံးဗျ”
အိမ်။....။“အလှည့်ကျတော့လည်း နွဲ့ချင်သေးတယ်”
ဖိုးစိန်။...။“အလှည့်ကျတော့ မနွဲ့စတမ်း လုပ်စမ်းပါဗျ”
အိမ်။...။“မှားသွားလို့ ဟုတ်တယ်အလှည့်ကျတော့လည်း မနွဲ့စတမ်း ကိုယ်ပေါင်ကိုယ် လှန်ကုတ် ရတော့မှာပေါ့
ခင်များတို့က အိမ် လို့ အလွယ်ခေါ်နေပေမယ့် ကျနော့်နာမည်အပြည့်အစုံက အိမ်တိုင်ကျိုးဗျ”
မြစ်ကျိုးအင်း။...။“စိတ်ဝင်စားစရာပါလားဗျာ လင်းစမ်းပါအုံး”
အိမ်။...။“ ဒီလိုဗျ ဒီနာမည်က ကျနော် အိမ်ထောင်ကျပြီးမှ အရပ်ကပေးတဲ့ နာမည်ဗျ လူရွှင်တော် မလုပ်ခင်
ကျနော်က သဘောင်္သား လုပ်လိုက်သေးတယ် အိမ်ထောင်ကျပြီး သဘောင်္က ပထမဆုံးပြန်လာတဲ့ညပေါ့ဗျာ
မနက်မိုးလင်းတော့ အိမ်တိုင်တချောင်း ကျိုးပါရောဗျာ”
ဖိုးစိန်။...။“နွာသိုးကြိုးပျက်ပါလား”
အိမ်။.....။“အထင်မလွဲကြပါနဲ့ အဲဒီညက ငလျင်လှုပ်လို့ပါဗျာ”
ဖိုးစိန်။...။“အော်..ကျုပ်က နွားသိုး ကြိုးပျက်ပြီး အိမ်တိုင်ကိုလာဆောင့်တာထင်လို့ဗျ”
အိမ်။....။ “အဲဒါနဲ့အရပ်က ကျနော့်ကိုအိမ်တိုင်ကျိုးလို့ ခေါ်ကြရာကနေ အခုတော့ အိမ်ဆိုတဲ့ နာမည်တွင်သွားတာပါပဲဗျာ”
မြစ်ကျိုးအင်း။...။“တော်သေးတာပေါ့ ငလျင် ၀င်ကယ်သွားလို့”
ဖိုးစိန်။...။“ကိုအိမ်က အိမ်ထောင်ကျတဲ့ အကြောင်းပြောလို့ ကျုပ်သတိရသွားတာ တခုပြောရအုံးမယ်
ကျုပ်ပြီးခဲ့တဲ့လက ရန်ကုန်ပြန်တော့ အိမ်တိုင်ကျိုး ရဲ့ မိန်းမက လာတွေ့တယ်ဗျ သူ့ယောကျာင်္း လူကြုံ ထည့်ပေးလိုက်တာ လာယူတာတဲ့....။သူလာတော့ သူ့သားအကြီးဆုံးကိုပါ ခေါ်လာတာနဲ့တူတယ်ကွ သူ့သားကလည်းကွာ အိမ်တိုင်ကျိုးနဲ့ နဲနဲမှ ရုပ်မတူဘူးဟေ့...အမ်မယ် ရုပ်သာမတူတာ အသက်ကတော့ အိမ်တိုင်ကျိုးနဲ့ အတူတူလောက်ပဲကွ”
“ဂွမ်း” ဖိုးစိန်ခေါင်းအားလူရွှင်တော်များမှ ၀ိုင်းရိုက်လိုက်ကြသည်။
အိမ်။...။“ကုန်ပါပြီကွာ”
မြစ်ကျိုးအင်း။....။“ကဲကဲ ကျုပ်တို့ချည်းပဲ ပျက်လုံးထုတ်နေလို့လည်း မပြီးသေးဘူး အများမျှော်လင့်နေကြတဲ့
မင်းသမီးလေးလည်းပွဲထုတ်အုံးမှကိုးဗျ အပြောလေးတွေလျှော့ပြီး အလုပ်လေးနဲ့ သက်သေပြကြပါစို့ ...
ကဲ ကို အိမ်တိုင်ကျိုးရေ ခင်များပဲ ခေါ်ပေးဗျာ”
အိမ်။....။“အများပျော်စရာ ဘလော့ဂါတွေ တင်ဆက်တာမို့... အများပျော်စရာ ဘလော့ဂါတွေ တင်ဆက်တာမို့
အစဉ်အဆက်မှာ သဘင်သက်ကလေးရှိတဲ့ လှသွေးကြွယ် ရတက်မအေးစရာ မင်းသမီးလေး ကောင်းကင်ပြာရေ... အများအမြင်တင့်စေဘို့ အငြိမ့်ခွင်လေး ထွင်လိုက်ကြပါစို့...။”
ဖိုးစိန်။...။“ကိုအိမ်ခေါ်တာ မင်းသမီးက ထွက်မလာပါလားဗျ ”
မြစ်ကျိုးအင်း။...။“ခဏလေး ခဏလေး မင်းသမီး နှုတ်ခမ်းနီဘူးပျောက်နေလို့ ကွမ်းဝါးနေတယ်”
ကောင်းကင်ပြာ။....။“လာပါပြီရှင် ..အကိုတို့ရေ မင်္ဂလာညချမ်းပါရှင်”
လူရွှင်တော်များ။....။““မင်္ဂလာပါမင်းသမီးရေ””
ဖိုးစိန်။....။“ပရိတ်သတ်ကြီးက မင်းသမီးလေး ဘယ်လိုကမယ် ဘယ်လိုဆိုမယ် ဆိုတာကို မျှော်လင့်နေကြတယ်ခင်မျ”
ကောင်းကင်ပြာ။....။“အကိုတို့ရေ ခေါင်း ခါး ခြေ လက် ဤလေးချက် ၊မပျက်စေရ သုခုမ လို့ ဆိုရိုးရှိတယ် မဟုတ်လားရှင်”
လူရွှင်တော်များ။.....။“မှန်ပါပေတယ်ဗျာ”
ကောင်းကင်ပြာ။....။“ပြာပြာ့ရင်ထဲမှာ ကဗျာတွေရှိတယ် ကဗျာကို ချစ်တယ် ၊ကဗျာဆရာကို အဲကဗျာကိုမြတ်နိုးတတ်တဲ့ ပြာပြာက ကဗျာမမှီ စာမမှီ ဆိုတဲ့ သီချင်းလေးနဲ့ ကဗျာလွတ်အက လေးကလိုက်ချင်တာက ဒီလိုပါတဲ့ရှင်....”
အိမ်။...။“ကြားပါရစေဗျာ”
ဆိုင်းဆရာ ရီနိုမာန်ရဲ့ စည်းနဲ့ဝါး တီးလုံးသံ စထွက်လာချိန်တွင် ဇာတ်စင်တခုလုံး မှောင်ကျသွားပြီး ကောင်းကင်ပြာရောင် ၀တ်ထားတဲ့ မင်းသမီးလေးကောင်းကင်ပြာရဲ့ ခန္ဓာကိုယ်ပေါ်တွင် ဆလိုက်မီးတို့ ဖြန့်ကျက်ကုန်ကြ၏။နွဲ့ပျောင်းသော အချိုးအဆစ်များဖြင့် ကရင်း ကြည်လင်သာယာသော အသံလေးဖြင့် အငြိမ့်သီချင်းလေးကို ဆိုလိုက်သည်။
xxx ချစ်သူချက်(chat)နေ တို့ချက်နေ တို့နှစ်ယောက်ချက်နေ ....
xxx ချစ်သူဂျီပုန်းလုပ်နေရင် တို့နောက်တယောက်ချက်မယ်ပြင်...
xxxချစ်သူနဲ့လည်း ကြူချင်သေးတယ် အခြားသူနဲ့လည်း မူချင်သေးတယ်
xxx နေလုံးနီနီ အရှေ့မှာ ထွက်ခဲ့ပြီ...။
သီချင်းစာသားနှင့်လိုက်ဖက်စွာ အချိုးညီညီ အကအလှများကို တင်ဆက်ပြီးသွားသဖြင့် မင်းသမီးလေး ကောင်းကင်ပြာ ဇာတ်စင်နောက်သို့ မခို့တရို့လေး ၀င်သွား၏။ဇာတ်စင်ထောင့် တဖက်တချက်စီတွင် ထိုင်နေသော လူရွှင်တော်တို့ ထလာကြကုန်၏။
အိမ်။...။“ဘလော့ဂါတွေ လူရွှင်တော် လုပ်တယ်ဆိုတော့ ဘလော့ဂါ အတွေ့အကြုံလေးတွေ ဝေမျှမှ ကောင်းမယ် မဟုတ်လားဗျာ”

မြစ်ကျိုးအင်း။...။“မှန်တာပေါ့ဗျာ ဆောင်ရန်ရှောင်ရန်လေးတွေ ပြောသင့်တာပေါ့”
အိမ်။....။“ဒါဆို ကျနော်က ဘလော့ဂါနီတိလေးတွေ ရွတ်ပြချင်သေးတယ်ဗျာ”
ဖိုးစိန်။....။“ကြားပါရစေဗျာ”
အိမ်။....။
“ငွေအသုံးလည်း မစီးနှင့်
လေလုံးလည်းမကြီးနှင့်
ငွေအသုံးစီးတော့ လူချဉ်ဖတ်မည်။
လေလုံးကြီးတော့ လူအမြင်ကပ်မည်။
အဖော်မပါ မကဲနှင့်
ဘလော့ဂါ မချွဲနှင့်
အဖော်မပါ ကဲတော့ နှာနှပ်သူ လွန်မည်။
ဘလော့ဂါ ချွဲတော့ စာဖတ်သူရွံမည်။
လူကိုလည်း မျောအောင်မပေးနဲ့
စာကိုလည်းမောအောင် မရေးနဲ့
လူကိုမျောအောင်ပေးတော့ ယုံတတ်သူ မုန်းမည်။
စာကိုမောအောင်ရေးတော့ စာဖတ်သူ ပုန်း မည်။
အမျက်လည်းမပါနှင့်
ပါးစပ်လည်းမဖွာနှင့်
အမျက်ပါတော့ တသက်တာအမှန်မရတတ်ပြီ။
ပါစပ်ဖွာတော့ လက်ပါခံရတတ်သည်။
မတော်တဆ အဖျားလည်း မနင်းနဲ့
အကျော်အခွ ဇယားလည်း မခင်းနဲ့
မတော်တဆ အဖျားနင်းရင် ငယ်သံပါအောင် အော်ကြမည်။
အကျော်အခွ ဇယားခင်းရင် ငိုသံပါအောင် ဆော်ကြမည်။”
မြစ်ကျိုးအင်း။....။“မှတ်သားလောက်ပါပေတယ်ဗျာ”
ဖိုးစိန်။...။“ခင်များတို့က ဘလော့ဂါဆိုလို့ ပြောရအုံးမယ် ကျုပ်ရဲ့ သုံးတန်းရောက်နေတဲ့ သမီးလေးလည်း
ဘလော့ဂါ လုပ်နေတယ်ဗျ”
မြစ်ကျိုးအင်း။....။“ပေါက်တတ်ကရတွေ မပြောနဲ့လေဗျာ”
ဖိုးစိန်။...။“အဟုတ်ပြောတာဗျ မြန်မာစာ ရေးတတ်ရင် ဘလော့ဂါ လုပ်လို့ ရတာပဲ မဟုတ်လားဗျ အမ်မယ် ခင်းများတို့ ကျုပ်သမီးကို အထင်မသေးနဲ့ဗျ သူက စာကြီးပေကြီးတွေပဲ ဘလော့ပေါ်တင်တာ”
အိမ်။...။“ဘာစာတွေတုန်းဗျ ”
ဖိုးစိန်။....။“သူ့အမေရဲ့ ချက်တင်ထဲက စာတွေ ၃ ပိုင်းခွဲပြီး တင်တာဗျ”
“ဂွမ်း” ကျန်တဲ့လူရွှင်တော် နှစ်ယောက်မှ ဖိုးစိန်ခေါင်းအား ၀ိုင်းရိုက်လိုက်ကြသည်...။
ဖိုးစိန်။....။“အခုလည်း အရမ်းအရေးကြီးတဲ့ စာတွေ တင်မလို့ လုပ်နေတယ် အခန်းဆက် တင်မယ်ဆိုပဲ”
မြစ်ကျိုး။....။“ ဘာစာတွေများပါလိမ့်”
ဖိုးစိန်။....။“ က ကနေ အ အထိ ၄ ပိုင်းခွဲပြီး တင်မလို့တဲ့လေ”
လူရွှင်တော်များသံပြိုင်။.....။“““ xxx ဘူလေးလဲ ....အဲဒါ ဘူလေးလဲ xxx”””...........။
မြစ်ကျိုးအင်း။.....။“ကျုပ်မိန်းမ ကတော့ ဘလော့ဂါလုပ်တာ ပါစပ်ပြဲသွားတယ်”
ဖိုးစိန်+အိမ်။....။“ဟေ..ဘာဆိုင်လို့တုန်း”
မြစ်ကျိုးအင်။....။“ မတန်တဆ အလုံးကြီးတွေ မိန့်ခွန်းချွေရလို့လေ”
အိမ်။....။ “အခုရော သက်သာသွားပြီးလား”
မြစ်ကျိုးအင်း။....။“ရင်ကျပ်ရောဂါ ပါရသွားပြီ ”
ဖိုးစိန်။....။“ဘယ်လိုဖြစ်ရတာတုန်း”
မြစ်ကျိုးအင်း။....။“အချွဲတွေ ထွက်လာတာများလို့ ဆေးခန်းပြမှ ရင်ကျပ်ရောဂါ ရမှန်းသိတာဗျ”
အိမ်။....။“အခုတော့ သက်သာသွားပြီပေါ့”
မြစ်ကျိုးအင်း။....။“ အခုလား လေဖြတ်ပြီး ပါးတချမ်းပါ ရွဲ့သွားတယ် စကားပြောရင် အရင်လို မပီတော့ဘူးဗျ
ငါစိတ်ဆိုးအောင် မလုပ်နဲ့လို့ပြောရင် နာချိတ်ချိုးအောင်မရုပ်နဲ့ ဖြစ်နေပြီ”
အိမ်။....။“ အော် ဖစ်မှဖစ်ရလေ အဲ ယောင်ကုန်ပြီ ဖြစ်မှဖြစ်ရလေဗျာ”
လူရွှင်တော်များသံပြိုင်။.....။ “““xxx ဘူလေးလဲ ဒါလေးကဘူလေးလဲ xxx”””
............။
အိမ်။....။“ ကျုပ်မိန်းမကြတော့ ဘလော့ဂါ လုပ်တာ အလုပ်ပါပြုတ်ရော ”
ဖိုးစိန်။.....။“ဘာဆိုင်လို့တုန်းဗျ”
အိမ်။...။“အလုပ်မှာကိုင်တဲ့ ကွန်ပြူတာကို ဘလော့အတွက် သုံးလို့ သူဌေးက အလုပ်ဖြုတ်လိုက်တာလေ”
မြစ်ကျိုးအင်း။....။“တနေ့လုံး ဘလော့အိမ်လည် ထွက်နေလို့များလား”
အိမ်။....။“အိမ်လည်တာက နဲနဲပါဗျာ သူ့ဘလော့သူ ၀င်လိုက်ထွက်လိုက် လုပ်နေလို့ဗျ”
ဖိုးစိန်။....။“တမျိုးပါလားဗျ ဘာအတွက် ၀င်လိုက်ထွက်လိုက် လုပ်နေတာလဲ”
အိမ်။.....။“တခါဝင်ရင် သူ့ဘလော့က လာတဲ့သူ တယောက်တိုးလို့တဲ့လေ ”
မြစ်ကျိုးအင်း+ဖိုးစိန်။...။““xxx ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်..ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ် ””ဖိုးစိန်။.....။“အဲဒါ အခုဘာအလုပ် လုပ်နေလဲ”
အိမ်။...။“၀င်လိုက်ထွက်လိုက် လုပ်ရတာ ၀ါသနာပါလို့တဲ့ နတ်ကတော် လုပ်နေတယ်”
လူရွှင်တော်များသံပြိုင်။.....။ “““xxx ဘူလေးလဲ .. အဲဒါဘူလေးလဲ xxx ”””
ဖိုးစိန်။....။ “ထပ်ပြောရင် အောက်ကနေ အုတ်ခဲပျံတွေ ဖိနပ်ပျံတွေ လာတော့မှာ မို့လို့ ဒီလောက်နဲ့ပဲရပ်ပြီး မင်းသမီးရဲ့ အလှည့်လေးလည်း ပေးရင် မကောင်းဘူးလားဗျာ...။”
မြစ်ကျိုးအင်း။....။“ဖြစ်သင့်တာပေါ့ဗျာ”
အိမ်။...။“အခုလာမှာ ဘူလေးလဲဟင်”
ဖိုးစိန်။...။“အခုအလှည့်ကျတဲ့ မင်းသမီးလေးကတော့ အများကြည်တဲ့ ဖွားကီပါပဲ ထူးထူးခြားခြား အစီအစဉ်လေး
ဖြစ်အောင် မင်းသားချောလေး လတ်လတ်ဇော် ကနေပြီး မကီကီနဲ့ တွဲဖက်ကာ နှစ်ပါးသွားကဏ္ဍလေးနဲ့
တင်ဆက်ပါမယ်ခင်မျာ”
မကြာမှီ မင်းသားလေးဇော်မှ မင်းသမီးကီကီ လက်ကိုဆွဲပြီး ဇာတ်စင်ရဲ့ ညာဘက်အခြမ်းမှ ထွက်ပေါ်လာ၏။
ဇော်။...။“နှမကလေးကီရေ မောင်ကြီးတို့ အများအမြင် ဘ၀င်ခွေ့စေဘို့ နှစ်ပါးခွင် တူယှဉ်မွေ့ရအောင်ပ ...ကကြစို့လေ”
မကီ။....။“အနားတချက်က ဖ၀ါးထပ်မျှ လိုက်ပါမယ့်သူပါ မောင်ကြီးရေ”
ဇော်။...။“ကဲ ဒါဆိုလည်း နှစ်ပါးသွား ကမယ် ဘုရားတရား တပေတော့ ကီကလေးရေ”
မင်းသားလေးဇော်ရဲ့ စကားဆုံးလျင် ဆိုင်းဆရာမှ မဟားတရား တီးလုံးဖြင့် နာမည်ကျော် ဒေ၀စ္ဆာရာ သီချင်းကို
ဇာတ်ကြမ်းတိုက်လေတော့သည်..။“xxx အို အသေပစ်မှာ... ရွှေချစ်တာ စည်းစိမ်တွေပဲ ...လုမယ်ကြံသမျှ ..ပစ်ကာမနှေးမယ့် လက်ကလေးပါကွဲ့
သားတွေစုရုံး ဘဘကြီးအတွက် အူကြပေတော့ xxx
xxx အို နေရစ်ပါ... အိမ်ထဲက ထွက်မလာပါနဲ့ .....စုလာရင်ဖြင့် ... ကြောက်နေရတဲ့ ဘ၀လေးပါကွဲ့
အမှားတွေစုထုံး ဘုရားကွယ်ရတဲ့ အထိလည်း ဖြစ်ပြီxxx
xxx အို ရွှေညစ်တာ... တန်းလျားက ခြင်ကိုက်လွန်းလို့ ....မျက်နာပြောင်တိုက်ပြီး... မဆင်းပေးတာ နားလည်ပါကွဲ့ မယားတွေစုဆောင်း ရွှေချောင်းတွေလည်းများခဲ့ပြီxxx ”နှစ်ပါးခွင်အား အပေးအယူ မျှမျှ မြိုင်မြိုင်ဆိုင်ဆိုင် ကပြီးသကာလ မင်းသားနှင့် မင်းသမီးတစ်ဦးကို တစ်ဦးဖေးမပြီး ဇာတ်စင်နောက်သို့ ၀င်သွားလေတော့သည်။
ဖိုးစိန်။....။“မင်းသားနဲ့မင်းသမီးဆိုသွားတဲ့ သီချင်းလေး မကောင်းဘူးလားဗျာ”
မြစ်ကျိုးအင်း။....။“ကောင်းဆို သီချင်းနာမည်ကိုက အသေညစ်တာ တဲ့လေ”
အိမ်။...။“ကဲကဲ ထောင်တန်တဲ့စကားတွေ ရပ်ပြီး ကျုပ်တို့ရဲ့ အလုပ်အကိုင်လေး ကို ပရိတ်သတ်သိအောင်
မိတ်ဆက်ပေးကြ ရအောင်လားဗျာ”
မြစ်ကျိုးအင်း။...။အလုပ်အကိုင်ဆိုလို့ ပြောရအုံမယ် မင်းတို့ငါကို လူရွှင်တော်ဆိုပြီး အထင်သေးချင်ကြတာလား
ဒီမှာ ငါက တပ်ထွက်ကွ”
“မထင်ရပါလားကွာ ငယ်ငယ်လေးပဲရှိသေးတယ်”
“ဟေ့...ဟေ့ ဖိုးစိန် မင်းမညစ်ပါတ်နဲ့နော် ငါပြောတဲ့ တပ်ထွက်ဆိုတာ စစ်တပ်က ထွက်လာတာကို ပြောတာကွ”
“အေးပါကွ ငါကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ထွက်လာတာကို ပြောတာပါကွာ လုပ်စမ်းပါအုံး
ဘာကြောင့်ထွက်လာရတာလဲ”
“တကယ်တော့ ငါက လွဲချက်ကယ် နာခဲ့လို့ ရာထူးကအဖြုတ်ခံရတာကွ ”
“အမ်မယ်စိတ်ဝင်စားစရာပါလား ဘယ်လိုလွဲတာတုန်းကွ”
“တနေ့တော့ ငါတို့တပ်ထဲကို အထက်လူကြီးလာတယ်ကွ ရောက်လာတော့လည်း ထုံးစံအတိုင်း မှာတမ်းတွေ
ချွေတာပေါ့ကွာ ငါလည်း ညက အိပ်ရေးပျက်ထားတော့ သူပြောတာတွေ သေသေချာချာ မမှတ်မိလိုက်ပါဘူး
အဲ...ညရောက်တော့ တပ်ရင်းမှူးက ငါ့ကိုခေါ်တွေ့တယ်လေ မင်းနေ့လည်က ဘာလို့ဂရုတစိုက် နားမထောင်တာလည်းတဲ့ ငါကလည်း ကျွန်တော်နားထောင်ပါတယ်လို့ ပြန်ဖြေတော့ ငါ့ကိုဒါဆို နေ့လည်က ဗိုလ်ချုပ် ဘာမှာသွားလဲတဲ့မေးပါလေရော ငါလည်းစိတ်ထဲရှိတာဖြေလိုက်တာ တခါတည်း အချုပ်ထဲ ရောက်ပြီး အလုပ်ပြုတ်တော့ တာပါပဲကွာ”
“မင်းကဘယ်လိုဖြေလိုက်လို့လဲ”
“ ဗိုလ်ချုပ်မှာ ဆိုမှတော့ ငါလည်း စကားလိန်နဲ့မေးတာထင်ပြီး ဗာဂျာမှုတ်လို့ ဖြေလိုက်မိတာ”
“ဂွမ်း” မြစ်ကျိုးအင်းခေါင်းအား ကျန်လူရွှင်တော်များမှ ၀ိုင်းရိုက်လိုက်ကြသည်။
မြစ်ကျိုးအင်း။...။“ မဟုတ်ဘူးလေကွာ ရှေ့တန်းမှာ ပျင်းနေရင် သီချင်းဆိုလို့ ရတယ်လေကွာ”
ဖိုးစိန်။....။“တခါတည်း၆၅ နှစ်ချလိုက်ရမှာ”
အိမ်။...။“ဒါကြောင့်မောင်မှူးကြီးက နှုတ်ခမ်းထော်နေတာကိုး”
အိမ်။....။“သူငယ်ချင်းက အလုပ်ပြုတ်လာတယ်ပြောတော့ ငါအလုပ်ပြုတ်တာလေး သတိရမိသေးတယ်”
ဖိုးစိန်။...။“အော် ကို အိမ်ကလည်း အလုပ်ပြုတ်လာတာကိုး ဘယ်လိုဖြစ်တာလည်း ပြောစမ်းပါအုံးဗျ”
အိမ်။....။“ ကျနော် သဘောင်္သားဘ၀ကပေါ့ဗျာ တစ်ခါတော့ အတွေ့အကြုံရအောင်ဆိုပြီး ရေငုပ်သဘောင်္နဲ့
လိုက်သွားမိတယ် တခါတည်း အလုပ်ကို တန်းပြုတ်တာပဲဗျာ”
မြစ်ကျိုးအင်း။....။“ခင်များက ဘာလုပ်မိလို့လဲ”
အိမ်။....။“အိုက်လို ပြတင်းပေါက်လေး ဖွင့်မိတာပါဗျာ”
“ဂွမ်း” အိမ်တိုင်ကျိုး ခေါင်းအား ၀ိုင်းရိုက်ကြကုန်တော့သည်။
ဖိုးစိန်။...။“ခင်များတို့ပြောတော့ ကျုပ်လည်း အားကျမခံ ပြောရသေးတာပေါ့”
အိမ်။....။“ခင်များရော အလုပ်ပြုတ်တာပဲလား”
ဖိုးစိန်။....။“အမ်မယ် အထင်သေးလို့”
မြစ်ကျိုးအင်း။....။“မဟုတ်ဘူးလား”
ဖိုးစိန်။....။“ဟဲဟဲ ဟုတ်တယ် ကျုပ်စားသောက်ဆိုင်မှာ လုပ်တော့ စားသုံးသူမှာတဲ့ဟင်း မှားချက်ပေးလို့ အလုပ်ပြုတ်တာဗျ”
အိမ်။....။“စားသုံးသူက ဘာမှာလို့လဲ”
ဖိုးစိန်။...။“စားသုံးသူက ဥပါတဲ့ငါးကောင်လုံးကြော်မှာတာဗျ ဒါနဲ့ကျုပ်လည်း ငါးအထီးတကောင် သတ်ပြီး
ကြော်ပေးလိုက်မိတာ အလုပ်ပါပြုတ်ရော”
“ဂွမ်း”
မြစ်ကျိုးအင်း။.....။“စားသုံးသူက သေသေချာချာမရှာလို့နေမှာပါဗျာ”
“ကျုပ်တို့တွေချည်းပဲ ပျက်လုံးထုတ်တာလည်းကြာသွားပြီ မင်းသမီးလေးလည်း ကချင်နေရှာရောပေါ့
ကိုမြစ်ကျိုးအင်း ဒီတခါ ခင်များခေါ်ဗျာ”
“ဒီတခါ အလှည့်ကျတာက မင်းသမီး မဟုတ်ဘူးဗျ မင်းသားလေး လတ်လတ်ဇော်ရဲ့ တစ်ကိုယ်တော် အကအလှပါပဲ ကျွန်တော်တို့ရဲ့ မင်းသားလေးဆိုတော့ သေသေချာချာ ဖွဲ့ဖွဲ့နွဲ့နွဲ့လေး ခေါ်ရမယ်ဗျ”
“ဘယ်လိုများခေါ်မှာပါလိမ့်”
“မင်းသားရေ မြန်မြန်လာဟေ့”
“တော်တော်ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ စာစီလိုက်ရမှာပဲ”
ခေါ်သံဆုံးလျင်ဆုံးချင်း မင်းသားလေး လတ်လတ်ဇော် ခုန်ပေါက်ပြီး ပြေးထွက်လာသည်။
“ကလို့ရပြီလား ကိုဂျီးကျိုး ကချင်လှပြီဗျ ”
“ပရိတ်သတ်နဲ့ မိတ်မဆက်တော့ဘူးလား မင်းသားရဲ့”
“နောက်မှဆက်ဗျာ အခုတော့ ကချင်နေပြီ ကျွန်တော်ချစ်သူ အွန်လိုင်းပေါ်တက်မလာတာ သုံးရက်ရှိနေလို့
သူ့ကို ဒီလိုလေး ပြောလိုက်ချင်ပါတယ်”
“““ကြားပါရစေဗျာ”””
ပြောပြီးပြီးချင်း ဆိုင်းဆရာ ကို မျက်စပစ်ကာ ဂျွမ်းသုံးပါတ် ပစ်လိုက်တော့သည်။ဆိုင်းဆရာလည်း တားလို့ရလမ်း မမြင်သဖြင့် မင်းသားလေးလတ်လတ်ဇော်အတွက် အပူလုံးကြွ လူလုံးမလှတဲ့ တီးကွက်များဖြင့် ငိုချင်းချပေးရတော့၏။(xxx ချစ်သူလာသောညက အင်တာနက်မှန်ပါတယ်
xxx ချစ်သူမလာသော အခုရက် ကွန်နက်ဘယ်လို ဖြစ်နေသလဲကွယ်
xxx ပုဂံနက် ဘယ်လို စုတ်နေသလဲကွယ်
xxx ချစ်သူမုန်းလို့ ရှောင်ပြေးကာ ပုန်းနေတာလားကွယ်xxx။)
ညောင်နာနာ အသံလေးဖြင့် လွမ်းလွမ်းဆွတ်ဆွတ် ရှိုက်ကာရှိုက်ကာ နှစ်ခေါက်တိတိ ဆိုပြီးချိန်တွင် တိုက်ပုံလေး ပုခုံးပေါ်တင်ကာ တွံတေးသိန်းတန် စတိုင်ဖြင့် ဇာတ်စင်နောက်သို့ ၀င်သွားလေတော့သည်။
လူရွှင်တော်သုံးယောက်ကလည်း ထောင့်အသီးသီးမှ စပ်ဖြဲဖြဲ မျက်နာများဖြင့် ထလာကြသည်။
ဖိုးစိန်။....။“လူရွှင်တော်တွေရဲ့ သမားစဉ်အရ ကျုပ်တို့လည်း သံချပ်လေးထိုးကြရင် မကောင်းဘူးလားဗျာ”
အိမ်။.....။“ဒါဆို ခင်များက အတိုင် ကိုတာဝန်ယူဗျာ ကျနော်နဲ့ မြစ်ကျိုးအင်းနဲ့က အဖောက်တာဝန်ယူမယ်”
မြစ်ကျိုးအင်း။....။“အတိုင်အဖောက်တော့ ညီပါစေနော်”
ဖိုးစိန်။...။“စိတ်ချ...ကျုပ်က ကုန်ဈေးနှုန်းက တက်လွန်းတယ် လို့တိုင်ပေးမယ် ခင်များတို့က မြန်မြန်ကျပါစေ လို့ဆိုကြ”
မြစ်ကျိုးအင်း။....။“အိုကေ သဘောပေါက်ပြီ”
ဖိုးစိန်။...။ “ကုန်ဈေးနှုန်းကတက်လွန်းတယ်”အိမ်+မြစ်ကျိုးအင်း။.....။ “မြန်မြန်ကျပါစေ ဆုတောင်းကြစို့”
ဖိုးစိန်။...။“တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေ”အိမ်+မြစ်ကျိုးအင်း။.....။ “မြန်မြန်ကျပါစေ ဆုတောင်းကြစို့”
ဖိုးစိန်။...။“အဲလိုမဟုတ်ဘူးလေ ထာဝစဉ်သာ တည်တံ့ပါစေ လို့ ဆိုကြလေဗျာ ကဲပြန်ဆိုမယ်”
ဖိုးစိန်။...။“တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေ”အိမ်+မြစ်ကျိုးအင်း။.....။ “ထာဝစဉ်သာတည်တံ့ပါစေ”
ဖိုးစိန်။....။“၀က်တုတ်ကွေးရောဂါ ကြောက်စရာ”အိမ်+မြစ်ကျိုးအင်း။.....။“ထာဝစဉ်သာတည်တံ့ပါစေ”
ဖိုးစိန်။....။“နင့်ကြီးတော်ထာဝစဉ်တည်တံ့ပါလားဟဲ့ ဘာတွေဆိုနေမှန်း မသိဘူး ၀က်တုတ်ကွေးရောဂါ ကြောက်စရာ လူ့ပြည်ရွာက မြန်မြန်မောင်းထုတ် လို့ဆိုရမှာလေ ”
အိမ်။....။“စောတီး ကိုကိုး”
ဖိုးစိန်။.....။“ကဲပြန်ဆိုမယ် ၀က်တုတ်ကွေးရောဂါ ကြောက်စရာ”အိမ်+မြစ်ကျိုးအင်း။.....။“လူ့ပြည်ရွာက မြန်မြန်မောင်းထုတ်”
ဖိုးစိန်။.....။“ကားသမားတွေက အမောင်းကြမ်းတယ်”အိမ်+မြစ်ကျိုးအင်း။.....။“လူ့ပြည်ရွာက မြန်မြန်မောင်းထုတ်”
ဖိုးစိန်။...။မဟုတ်ဘူးလေကွာ ဒုက္ခရောက်မှာ အားလုံးပါပဲ လို့ ဆိုရမှာလေ ပြန်ဆိုကြ”
ဖိုးစိန်။.....။“ကားသမားတွေက အမောင်းကြမ်းတယ်”အိမ်+မြစ်ကျိုးအင်း။.....။“ဒုက္ခရောက်မှာ အားလုံးပါပဲ”
ဖိုးစိန်။....။“၂၀၁၀ လည်းရောက်တော့မယ်”အိမ်+မြစ်ကျိုးအင်း။.....။“ဒုက္ခရောက်မှာ အားလုံးပါပဲ”
ဖိုးစိန်။....။“နင်တို့လုပ်ပုံနဲ့တော့ ကားအပြာလေး စီးနေရအုံးမယ် စိတ်ညစ်တယ် တကယ်ပဲ ၂၀၁၀ ရောက်ရင်
နှစ်သစ်ရောက်ပြီလေကွာ အဲဒီတော့ တပြည်လုံးထွက်ကာ ပျော်ကြပါစို့ လို့ လိုက်ဆိုရမှာ ပြန်ဆိုမယ်”
အိမ်။....။“စောတီးကိုကိုး”
ဖိုးစိန်။....။“၂၀၁၀ လည်းရောက်တော့မယ်”အိမ်+မြစ်ကျိုးအင်း။.....။“တပြည်လုံးထွက်ခါ ပျော်ကြပါစို့”
ဖိုးစိန်။....။“ကျုပ်တို့ ဘဘကြီးသေတဲ့အခါ”အိမ်+မြစ်ကျိုးအင်း။.....။“တပြည်လုံးထွက်ခါ ပျော်ကြပါစို့”
ဖိုးစိန်။....။“ပေါက်ကရတွေ လျှောက်ပြောပြန်ပြီ ၀မ်းနည်းသ၀ဏ်လွှာ ပို့ရမှာ လို့ဆိုကြလေကွာ”
မြစ်ကျိုးအင်း။.....။“စောတီး ကိုကိုး”
ဖိုးစိန်။....။“ကျုပ်တို့ဘဘကြီးသေတဲ့အခါ”
အိမ်+မြစ်ကျိုးအင်း။.....။“တပြည်လုံးထွက်ခါ ပျော်ကြပါစို့ အဲမှားလို့ ၀မ်းနည်းသ၀ဏ်လွှာ ပို့ရမှာပဲ”
ဖိုးစိန်။.....။“ဖိုးစိန်တယောက်ပျောက်လို့နေ”အိမ်+မြစ်ကျိုးအင်း။.....။“၀မ်းနည်းသ၀ဏ်လွှာ ပို့ရမှာပဲ”
ဖိုးစိန်။....။“တော်တော်ချစ်ကြတာကိုး ဘာဝမ်းနည်းသ၀ဏ်လွှာပို့ရမှာပဲလည်း ဖိုးစိန်တယောက် ပျောက်လို့နေဆိုရင် လယ်ထဲရောက်တာတော်တော်ကြာပေါ့ လို့ ဆိုရမှာ ကဲပြန်ဆိုကြ”
ဖိုးစိန်။.....။“ဖိုးစိန်တယောက်ပျောက်လို့နေ”အိမ်+မြစ်ကျိုးအင်း။.....။“လယ်ထဲရောက်တာတော်တော်ကြာပေါ့ ”
ဖိုးစိန်။....။“ငါတို့နိင်ငံရဲ့ ပညာတတ်တွေ”အိမ်+မြစ်ကျိုးအင်း။.....။“လယ်ထဲရောက်တာတော်တော်ကြာပေါ့ ”ဖိုးစိန်။....။“ဟုတ်ဘူးလေကွာ ပညာရဲရင့် ပွဲလယ်တင့်တယ် လို့ဆိုရမှာ ဘာမှလည်းမရဘူး ဘာတွေလျှောက်ဆိုနေကြတာလဲ”
အိမ်။.....။“စောတီးကိုကိုး”
ဖိုးစိန်။....။“ငါတို့နိင်ငံရဲ့ ပညာတတ်တွေ”အိမ်+မြစ်ကျိုးအင်း။.....။“ပညာရဲရင့် ပွဲလယ်တင့်တယ် ”
ဖိုးစိန်။.....။“အရူးတယောက် လမ်းလျှောက်လာ”အိမ်+မြစ်ကျိုးအင်း။.....။“ပညာရဲရင့် ပွဲလယ်တင့်တယ် ”
ဖိုးစိန်။...။“နင်တို့ရူးမှပဲ ပွဲလယ်တင့်တော့..အရူးတယောက်လျှောက်လို့လာ ခွေးတွေဝိုင်းတောင် သူမမှုဘူးလို့ဆိုလေ”
ဖိုးစိန်။.....။“အရူးတယောက် လမ်းလျှောက်လာ”အိမ်+မြစ်ကျိုးအင်း။.....။“ခွေးတွေဝိုင်းတောင် သူမမှုဘူး”
ဖိုးစိန်။.....။“ငါတို့အမေစု သတိရတယ်”အိမ်+မြစ်ကျိုးအင်း။.....။“ခွေးတွေဝိုင်းတောင် သူမမှုဘူး”
ဖိုးစိန်။.....။“ကျန်းမာပါစေ ဆုတောင်းပေးပါလို့ ဆိုရမှာလေ တကယ်ပဲ ဘာတွေဆိုနေကြမှန်းကို မသိဘူးပြန်ဆိုကြ”
ဖိုးစိန်။....။“ငါတို့အမေစု သတိရတယ်”အိမ်+မြစ်ကျိုးအင်း။.....။“ကျန်းမာပါစေ ဆုတောင်းပေးပါ”ဖိုးစိန်။.....။“ပစ္စည်းဥစ္စာ မတည်မြဲပါ”အိမ်+မြစ်ကျိုးအင်း။.....။“ကျန်းမာပါစေ ဆုတောင်းပေးပါ”
ဖိုးစိန်။....။တခါဆို တခါသင်နေရတာပဲ ပစ္စည်းဥစ္စာ မတည်မြဲပါ လို့ဆိုရင် မင်းလိုချင်ရင်ပေးလိုက်ပါ့မယ် လို့ ဆိုရမှာလေ”
မြစ်ကျိုးအင်း။.....။“စောတီး ကိုကိုး”
ဖိုးစိန်။.....။“ပစ္စည်းဥစ္စာ မတည်မြဲပါ”အိမ်+မြစ်ကျိုးအင်း။.....။“မင်းလိုချင်ရင် ပေးလိုက်ပါ့မယ် ”
ဖိုးစိန်။.....။“မင်းတို့ညီမလေး လှပဂေး”အိမ်+မြစ်ကျိုးအင်း။.....။“လက်သီးလိုချင် ဒီမှာ နမ်းထား”
ဖိုးစိန်။.....။“အရင် အပိုဒ်တွေလို မင်းလိုချင်ရင် ပေးလိုက်ပါ့မယ် လို့ ဆိုကြလေကွာ”
အိမ်။......။“ဘာလို့ဆိုရမှာလဲ ငါတို့ကို မအ ဘူးများမှတ်နေလား”
မြစ်ကျိုးအင်း။....။“မင်းလုပ်ချင်တိုင်းလုပ်လို့ရအောင် ငါတို့ကို မင်းရဲ့ မဲပုံး များမှတ်နေလား”
ဖိုးစိန်။.....။“ဒါက သံချပ်လေကွာ”
အိမ်+မြစ်ကျိုးအင်း။....။“ဘာမှ မချပ်နဲ့ တော်ပြီ မဆိုတော့ဘူး”
ထိုအချိန်တွင် အရှေ့က ကသွားသော မင်းသမီးလေးကောင်းကင်ပြာ မကီကီ တို့နှင့်အတူ မင်းသားလေး
လတ်လတ်ဇော် ပါထွက်လာပြီး လူရွှင်တော် သုံးယောက်နှင့်အတူပရိတ်သတ်ကို လက်အုပ်ချီကာ ဂါရ၀ပြု
နှုတ်ဆက်လိုက်ကြတော့သည်။
ဇာတ်စင်ဘေးတဖက်တချက်မှ ကြက်သွေးရောင် ကန့်လန့်ကာကြီးမှာ တဖြည်းဖြည်းထွက်လာပြီး ပွဲခင်းတခုလုံး
မီးရောင်တို့ဖြင့် လင်းထိန်သွားလေတော့သည်။
ဤတွင် အငြိမ့်ခန်း တခန်းရပ်ပါပြီ။
ကျန်းမာရွှင်လန်းအမောအပန်းပြေပါစေ။
..................................................................................................................
ဝန်ခံချက်။...။ ဤအငြိမ့်ကို သူငယ်ချင်း အိမ် တဂ် ၍ ရေးပေးပါသည်။
ဤ အငြိမ့်ခန်းတွင်ပါဝင်သော အဖွင့်နတ်သီချင်းနှင် ရေငုပ်သဘောင်္ ပျက်လုံးမှလွဲလျင် ကျန်သည့် သံချပ်များ
ပျက်လုံးများနှင့် စာသားများအားလုံး မည်သည့်စာမျက်နာပေါ်တွင်မှ မရှိသေးသော ကိုယ်ပိုင်စာစုများဖြစ်ပါသည်။
ခေတ်ပေါ် အငြိမ့်ခန်းတို့ရဲ့ ထုံးစံအတိုင်း ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများပါခဲ့ပါက ခွင့်လွှတ်ကြပါရန်.....။
ဤဘလော့ဂါ အငြိမ့်တွင် နာမည်အသုံးပြုခွင့်ပေးခဲ့သော....မကီကီ
မကောင်းကင်ပြာ
သူငယ်ချင်း ဖိုးစိန်
သူငယ်ချင်း အိမ်
သူငယ်ချင်း ရီနိုမာန်
တို့ကို ကျေးဇူးတင်ရှိပါသည်။
လိုချင်တဲ့ သီချင်းတပုဒ်ကို နှစ်ခေါက်တိတိ ပြန်ရှာပေးသော သူငယ်ချင်း ဂျူ ကိုလည်း ကျေးဇူးတင်ပါတယ်။
ဘလော့ဂါ အငြိမ့်(၁) ကို သူငယ်ချင်း အိမ် ရေးထားပါတယ်။
ဇာတ်ကံထရိုက်တို့ရဲ့ ဈေးကွက်ထုံးစံအရ ဒီပွဲခွင်ကို လူဝင်များလျင် နောက်ထပ် ပွဲချီများဆက်ကပါအုံးမည်။
0 comments:
Post a Comment