USB နဲ့ External Hard Disk ကို Partition နှစ်ပိုင်းခွဲ တစ်ပိုင်းကို ဖျောက်ပြီးလျှို့ဝှက်ချက်တွေဖွက်ထားမယ်



                   
ဒါလေးက MMiTD မှာ ကျွန်တော်တင်ထားတဲ့ Post လေးပါဘဲ။          
                 ခေါင်းစဉ်လေးကိုမြင်လိုက်တာနဲ့ဘဲအားလုံးစိတ်ဝင်စားသွားကြမယ်လို့ထင်ပါတယ်ဗျာ။ ဒီ Post
 လေးကိုတင်ချင်နေတာတော့ ကြာပြီဗျာ။ ဒီ Software လေးကို ရှာတွေ့ကတည်းက စမ်းသုံးကြည့်တာ
 တော်တော်လေးကိုသဘောကျတယ်ဗျ။ ကျွန်တော်သဘောကျသလို MMiTD ကသူငယ် ချင်းတွေလည်း
သဘောကျမယ် အသုံးတည့်မယ်ထင်လို့ ဒီလိုပြန်ပြီးမျှဝေတာဖြစ်ပါတယ်ဗျာ။ Serial Key လိုက်ရှာနေတာ
နဲ့ဘဲ အခုမှတင်ဖြစ် သွားတာပါ။Serial Key ကလည်း တော်တော်လေးခက်ခက်ခဲခဲရှာလိုက်ရတယ်ဗျာ။ 

ကျွန်တော်ရှာ တာတော့မဟုတ်ပါဘူး။ ကိုချစ်ကြီး ရှာပေးတာပါ။ ကိုချစ်ကြီးကိုလည်းတော်တော်ကျေးဇူးတင်
ရမယ်ဗျ ဘာလို့လည်းဆိုတော့ဒီ Key လေးကိုရဖို့အတွက် သူ့မှာလည်း သုံးခေါက်လေးခေါက်လောက်
ရှာပေးရတယ် Portable တွေလည်းရှာပေးတယ် တစ်ခုမှအဆင်မပြေဘူးဗျာ။ နောက်ဆုံးတော့လည်း ရှာတွေ့သွားပါတယ်။ ကိုချစ်ကြီးရှာတာဘဲ ဘယ်လိုလိုင်စင်မျိုးမဆို ကိုချစ်ကို ပုန်းမနေရဲဘူးဗျ။

          ကဲကျွန်တော်စပြီး မိတ်ဆက်ပေးပါ့မယ်။ ဒီကောင်လေးရဲ့နာမည်ကတော့ GiliSoft USB Stick Encryption 2.0 ဘဲဖြစ်ပါတယ်။ USB အတွက်တော့ အသင့်တော်ဆုံးပါဘဲ။ ဘာလို့လည်းဆို
တော့ ကျွန်တော်လွန်ခဲ့တဲ့ 1နှစ်လောက်ကတည်းက အဲဒါမျိုးလေးသုံးဖူးပါတယ်။ ဒါပေမယ့် အခု
Software လောက်မကောင်းပါဘူး။ ဒီကောင်လေးက ဘာတွေပိုကောင်းလည်းဆိုရင်တော့ ပေါ့ပေါ့
ပါးပါးသုံးနိုင်တယ်ဗျာ ပြီးတော့ ဘယ် USB မျိုးကိုမဆို လွယ်ကူစွာနဲ့ဘဲ အလုပ်လုပ်ပါတယ်ဗျာ။ တခြား အလားတူ Software တွေရှိပါတယ်။ဒါပေမယ့် အဲဒီ Software တွေက သူရဲ့မူပိုင် USB တစ်
မျိုးတည်းသာ အလုပ်လုပ်ပါတယ်။အခြား USB တွေမှာအလုပ်မလုပ်ပါဘူး။ဒီကောင်လေးရဲ့ အသုံးဝင်
ပုံလေးကတော့ ခေါင်းစဉ်လေးကိုဖတ်လိုက်တာနဲ့တင် ဘယ်လိုနေရာတွေမှာအသုံးဝင်နိုင်သလဲဆို
တာသိလောက်ပြီထင်ပါတယ်ဗျာ။

သူ့ရဲ့ အသုံးပြုပုံလေးကိုကျွန်တော်စပြီးရှင်းပြပေးပါ့မယ်။ ကျွန်တော်က လူတိုင်းနားလည်
လွယ်အောင်အသေးစိတ်ရှင်းပြပေးထားပါတယ်ဗျာ။


        ဒါလေးကတော့ သူ့ရဲ့ Install ပြုလုပ်ပုံအဆင့်ဆင့်ပါ။ ကျွန်တော်တို့ပုံမှန် Software တွေ
ကို Install ပြုလုပ်နေကြပုံစံလေးဖြစ်လို့ အသေးစိတ်ရှင်းပြမနေတော့ပါဘူးနော်။ရလောက်
မယ်ထင်ပါတယ်။ Install လုပ်ပြီးသွားပြီဆိုရင်တော့ Gilisoft USB Stick Encryption ကို
Double Click နှိပ်လိုက်ပါ။ ခဏလေးဗျ Double Click မနှိပ်ခင် ကျွန်တော်သေသေချာချာ
လေးမှာချင်ပါတယ်ဗျာ။ဘာလည်းဆိုတော့ မိမိ Install လုပ်မယ့် USB ထဲမှာ Data တွေ
တစ်ခုမှ ထားလို့မရပါဘူး။ Data တွေကိုတော့ Computer ထဲကို အရင်ကူးထည့်ထားပေးပါ
ကူးထည့်မထားဘူးဆိုရင်တော့ Data တွေကိုတစ်ခုမှပြန်ရမှာမဟုတ်ပါဘူး။အကုန်လုံး
Format ချလိုက်တဲ့အထဲပါကုန်မှာမို့လို့ပါဗျာ။



အခုမြင်နေရတာကတော့ Install လုပ်ပြီးသွားတဲ့အဆင့်ဘဲဖြစ်ပါတယ်။
1                    ကျွန်တော်နမူနာလုပ်ပြတဲ့ USB က 4GB ဖြစ်တဲ့အတွက်သူ့ရဲ့ Size က 3982MB
ဆိုပြီးပြနေတာဖြစ်ပါတယ်။
2                    ဒါကတော့ မိမိဖွက်ထားမယ့်အပိုင်းဘဲဖြစ်ပါတယ်။ကျွန်တော်ကတော့ နမူနာအနေနဲ့
1024MB ကို Partition ပိုင်းပြီး ဖွက်ထားမယ်လို့ လုပ်ပြထားတာဖြစ်ပါတယ်။
3                    မြှားလေးနှစ်ခုကြားက အတုံးလေးကို အတိုးအလျှော့လုပ်ပြီး Partition ပိုင်းနှိုင်မှာဖြစ်
ပါတယ်။
          4        အဆင့် 1 မှ3 အထိ ပြီးသွားပြီဆိုရင်တော့ Install ကိုနှိပ်လိုက်ပါ။



ဒီအဆင့်ကတော့ မြင်ရတဲ့အတိုင်းပါဘဲ User Name နဲ့ Password ဖြည့်ရမှာဖြစ်ပါတယ်။
Password ကတော့ အနည်းဆုံး 6လုံးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ Password ကိုတော့ မမေ့
ဖို့အရေးကြီးပါတယ်။

အပေါ်မှာလည်းကျွန်တော်တစ်ကြိမ်သတိပေးပြီးသွားပါပြီ ။ ဒီအဆင့်ကတော့ မိမိရဲ့ USB ထဲမှာ
Data တွေရှိနေပါက တစ်နေရာရာမှာ Backup လုပ်ထားပေးပါဆိုတဲ့ Message ဘဲဖြစ်ပါတယ်။
ပြီးသွားရင်တော့ Yes ကိုနှိပ်ပေးပါ။



အခုမြင်နေရတဲ့အဆင့်ကတော့ USB တစ်ခုလုံးကို Format ချပြီး Partition ပိုင်းနေတဲ့အဆင့်ဘဲ
ဖြစ်ပါတယ်။


အခုမြင်နေရတာကတော့ မိမိရဲ့ USB ထဲမှာ agent.exe ဆိုတဲ့ File လေးရောက်လာပါပြီ။
1                    agent.exe ကို Double Click နှိပ်ပေးပါ။
2                    Register လုပ်ခိုင်းတာပါ။ Register ကိုနှိပ်ပေးပါ။
3                    ကျွန်တော်ပေးထားတဲ့ Serial လေးကို ကူးထည့်ပေးလိုက်ပါ။
4                    ပြီးသွားပြီဆိုရင် Register ကိုနှိပ်လိုက်ပါ။



အခုမြင်နေရတာကတော့ ခုနတုန်းကကျွန်တောတို့ရိုက်ခဲ့တဲ့ Password ကိုရိုက်ထည့်
ပေးရမှာဖြစ်ပါတယ်။ Serial Key ထည့်ပြီးတဲ့အတွက် Full Version ဖြစ်သွားပါပြီ။
 Register လုပ်စရာမလိုတော့ပါဘူး။ Open ကိုနှိပ်ပေးပါ။




Open နှိပ်ပြီးသွားရင်တော့ Secure Area (Z:\) ဆိုတဲ့ နောက်ထပ် Partition တစ်ပိုင်းထပ်ပေါ်လာ
ပါပြီ။ အဲဒီ Partition (Z:\) ထဲမှာ မိမိ လျှို့ဝှက်စွာ သိမ်းထားချင်တဲ့ Data များကိုသိမ်းဆည်းနိုင်
ပါတယ်။ agent.exe ရှိတဲ့ အပိုင်းကတော့ ပုံမှန် Data တွေ လျှို့ဝှက်ချက်မရှိတဲ့ Data တွေကို
သိမ်းဆည်းထားနိုင်ပါတယ်။


 ဒါလေးကတော့ ကွန်ပြူတာရဲ့ ညာဖက်အောက်ကထောင့်နားမှာပေါ်နေတဲ့ agent ဆိုတဲ့ Icon လေးကို 
Right Click နှိပ်လိုက်ပါ။မိမိ ဖွက်ထားချင်တဲ့ (Z:\) အပိုင်းလေးကို ပြန်ပြီးပိတ်ချင်တယ်ဆိုရင်
Close Secure Area (Z:\) ကို နှိပ်ပေးပါ။ Exit ကတော့ USB တစ်ခုလုံးကို ပိတ်လိုက်တာဘဲဖြစ်ပါ
တယ်။သေချာနားလည်အောင်ပြောရရင်တော့ USB မှာရှိတဲ့ Partition နှစ်ပိုင်းလုံးကို ကွန်ပြူတာက
နေ ပိတ်လိုက်တာဘဲဖြစ်ပါတယ်။ Save Remove USB ပုံစံမျိုးပါဘဲ။ ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့
USB ကို နှစ်ပိုင်းပိုင်းပြီး တစ်ပိုင်းမှာ Data တွေဖွက်ထားတဲ့ လုပ်ဆောင်ချက်ပြီးဆုံးသွားပါပြီ။
ကျွန်တော် ပြောတာကို နားမလည်ရင် မရှင်းရင် ပြန်လည်မေးမြန်းနိုင်ပါတယ်။ ဒီ Software လေးက
တစ်ကြိမ်တည်း Install လုပ်ရုံနဲ့ ဘယ်ကွန်ပြူတာမှာမဆို အသုံးပြုနိုင်ပါတယ်။ USB တော်တော်များ
များနဲ့လည်းကျွန်တော်စမ်းသပ်ကြည့်ဖူးပါတယ်။ အားလုံးနဲ့အဆင်ပြေပါတယ်။ Window XP , Vista နဲ့ Window 7 သုံးမျိုးစလုံးမှာအလုပ်လုပ်ပါတယ်။



1                    ဒါကတော့ Password ပြန်ပြောင်းချင်ရင် Password ကိုနှိပ်ပြီးပြောင်းပေးပါ။
2                    ဒီ Software ကို မသုံးချင်တော့ဘူး USB ကို Partition မပိုင်းချင်တော့ဘူး
ဆိုရင် Uninstall ကိုနှိပ်ပေးပါ။ Uninstall မလုပ်ခင် Data တွေကို Backup လုပ်
ထားဖို့ သတိပေးပါရစေ။
အခုလောက်ဆိုရင်တော့ သူငယ်ချင်းများအားလုံးနားလည်းသဘောပေါက်လိမ့်မယ်
လို့ထင်ပါတယ်ဗျာ။ ကိုယ်တိုင်စမ်းသပ်ကြည့်လိုက်ရင်တော့ ပိုပြီးနားလည်းလွယ်ပါလိမ့်
မယ်။ အောက်က Link သုံးမျိုးမှာအဆင်ပြေတဲ့ Link နဲ့ဒေါင်းယူနိုင်ပါတယ်ဗျာ။


 
Credit:http://www.pyaephyo.com/2012/02/usb-partition.html

0 comments:

Post a Comment