Naing Lin: အစ်ကို တစ်ခုလောက်ကူညီလို့ ရရင်ကူညီပေးပါလား USB မှာ Write Protect Error တတ်နေလို့ Format ရိုက်လို့မရလို့ ကူညီပါလား....
တကယ်လို့ Format ချချင်တယ်ဆိုရင် ဒါလေးနဲ့ Format ချပေးနိုင်ပါတယ်...။
တကယ်လို့ Format ချချင်တယ်ဆိုရင် ဒါလေးနဲ့ Format ချပေးနိုင်ပါတယ်...။
အရင်ကလည်း ရေးထားတာ ရှိပါတယ် သိပ်မပြည့်စုံလို့ အသစ် ထပ်ရေးလိုက်တာပါ..။
ပထမဆုံး Start > Run မှာ Regedit ရေးထည့်ပြီး Enter ခေါက်ပါ....
ပေါ်လာတဲ့ Registry Editor မှာ အောက်က အတိုင်း ကိုအဆင့်ဆင့် သွားလိုက်ပါ...
HKEY_LOCAL_MACHINE \ SYSTEM \ CurrentControlSet \ Control \ StorageDevicePolicies
StorageDevicePolicies ကို Click လိုက်ပါ... အောက်က ပုံထဲကလို WriteProtect ကိုတွေ့ရင် ...
Double click နှိပ်ပြီး တန်ဖိုးကို သုည (0) ပြောင်းပေးပြီး OK နှိပ်လိုက်ပါ ..။
Registry Editor ကို ပိတ် USB ကို ဖြုတ်ပြီး ပြန်တပ်ကြည့်လိုက်ပါ Write Protect Error မရှိတော့ပဲ ပြန်အသုံးပြုလို့ ရသွားပါပြီ....
ဒီအဆင့်
HKEY_LOCAL_MACHINE \ SYSTEM \ CurrentControlSet \ Control \ StorageDevicePolicies အတိုင်းသွားတဲ့ နေရာမှာ
နောက်ဆုံး စာလုံးဖြစ်တဲ့ StorageDevicePolicies ကိုရှာမတွေ့ဘူး ပြီးတော့ ညာဘက်မှာလည်း WriteProtect ကိုလည်း ရှာမတွေ့ဘူးဆိုရင် သူ့အတွက် Folder လေးတခု တည်ဆောက်ပေးရမှာပါ ..
အောက်ပါအတိုင်း တည်ဆောက်ပေးနိုင်ပါတယ်.. (ပုံလေးတွေ ကြည့်ပြီး သေချာ ဂရုစိုက်လုပ်ပေးပါ)
ဒီပုံမှာဆိုရင် StorageDevicePolicies ဆိုတဲ့ Folder မရှိသေးပါဘူး..
Control ပေါ်ကို Right Click နှိပ်ပြီး ပုံထဲကအတိုင်း New > Key ကိုသွားပါ...
စာရေးဖို့ ပေါ်လာတဲ့ နေရာလေးမှာ ဒီ StorageDevicePolicies ကို Copy ကူးထည့်ပေးပြီး Enter ခေါက်လိုက်ပါ.. StorageDevicePolicies Folder လေးကို အောက်ကပုံထဲကအတိုင်း ဖန်တီးပြီးသွားပါပြီ...
ညာဘက်မှာ WriteProtect ဆိုတာလည်း မရှိသေးတဲ့ အတွက် ထပ်တည်ဆောက်ပေးရဦးမှာပါ..။
StorageDevicePolicies ကို Right Click > New > DWORD (32-bit) Value ကိုနှိပ်လိုက်ပါ..
စာရေးဖို့ ပေါ်လာတဲ့ နေရာလေးမှာ ဒီ WriteProtect ကို Copy ကူးပြီး ရေးထည့်ပေးလိုက်ပါ...။။။။။။
Memory Card တွေမှာ မရခဲ့ရင် ဒါလေး သတိပြုပါ .. Lock ဖြစ်နေတတ်ပါတယ်....။
နောက်တစ်နည်း (အလွယ်ဆုံးနည်း)
Write Protected ပြဿနာကို
အပေါ်က အဆင့်တွေအတိုင်း လုပ်ရမှာ ခတ်နေတယ်ဆိုရင်.... အောက်မှာ တင်ပေးလိုက်တဲ့ Registry files လေးကို ဒေါင်းယူပါ ပြီးတော့ Zip ဖိုင်လ် ကိုဖြည်လိုက်ပါ disable-write-protect နဲ့ enable-write-protect ဆိုတဲ့ ဖိုင်လ်လေးနှစ်ခု ထွက်လာမှာပါ enable-write-protect ဖိုင်လ်လေးကို Double Click နဲ့ Run ပြီး OK ပေးလိုက်ပါ... အလွယ်ဆုံးနည်းပါပဲ ....
အာလုံးအဆင်ပြေကြပါစေ..။
0 comments:
Post a Comment